www.BurmeseCanadianNetwork.com Email : : admin@BurmeseCanadianNetwork.com

ကနေဒါရောက် မြန်မာ တိုင်းရင်းသား လူမျိုးတိုင်း ၏ လစဉ် တွေ့ ဆုံ ဆွေး နွေး မိတ်ဖွဲ့ ရာ နေရာ....
Canada Nation wide monthly Skype & Tele Conference for Burmese

NLD by Elections Manifesto p1

NLD by Elections Manifesto p1

Burmese Canadian Protest in Toronto

Burmese Protest in Toronto

Peaceful Demonstration for Peace in Burma ( Rakhine )

Support for BBAO's Statement

Dear all Burmese people residing in Canada and friends of Burma, Burmese Canadian Network (B C N ) strongly support the following statement issued by the Burma Buddhist Association of Ontario BBAO; Sincerely, U Than Aung Coordinator and Co-founder Burmese Canadian Network (B C N) Canada Email:burmesecanadiannetwork@gmail.com BBAO Statement Aug 2012 - Copy

NLD by Elections Manifesto p2

NLD by Elections Manifesto p2

Tuesday, April 26, 2011

Signatures for President U Thein Sein

မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်မှစတင်သော စုပေါင်းလက်မှတ်ထိုး တောင်းဆိုမှုများကို ယနေ့တွင် သမ္မတ ဦးသိန်းစိန် ထံ သို့ စတင်ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဦးဆောင်သူများက ပြောသည်။

ယင်းတောင်းဆိုလှုပ်ရှားမှုအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအ၀င် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီရေးဆောင်ရွက်သူများက ဦးဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ အေးချမ်းစွာ ပြန်လာနိုင်ရေး စသည့်အချက်များ ပါဝင်သည်။

“ကျနော်တို့ အခုပထမအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဆရာ ဒဂုန်တာရာ၊ လူထု ဦးစိန်ဝင်း၊ ဦးမိုးသူတို့ စတဲ့ စာပေနဲ့စာနယ်ဇင်းသမားတွေ၊ ဦးအေးသာအောင်၊ ဦးနိုင်ငွေသိန်း၊ ဦးကျင့်ရှင်းထန် စတဲ့ တိုင်း ရင်းသားခေါင်းဆောင်တွေရဲ့ လက်မှတ်တွေကို ပြီးခဲ့တဲ့ သောကြာနေ့ နေ့လယ်၂ နာရီ မှာ စတင်ပြီး သမ္မတ ဦးသိန်းစိန် ဆီကို တင်ပြဖို့စီစဉ်ထားခဲ့တာ။ ဒါပေမယ့် လက်မှတ်တွေက အခုထိဆက်တိုက်ထိုးနေသေးတော့ ဒီနေ့မှ စတင်ဖြစ်တော့ မယ်”ဟု ဦးဆောင်လှုပ်ရှားသူတဦး ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်းက ဧရာဝတီကိုပြောသည်။

အဆိုပါ လှုပ်ရှားမှု၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လက်မှတ်ထိုး တောင်းဆိုထားပြီး NLD အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်း သားများ အပါအ၀င် လူထုလူတန်းစား အစုံမှ ပါဝင်လက်မှတ်ထိုးကြောင်း သိရသည်။

“ကျနော်တို့ ဆက်တိုက်လဲ လက်မှတ်တွေ ကောက်ခံနေပါတယ်။ အပတ်စဉ် သောကြာနေ့တိုင်း လူထု တရပ်လုံး ပါဝင် လက်မှတ်ထိုးတာတွေကို ဆက်တိုက်တင်ပြသွားမှာဖြစ်ပါတယ်”ဟု ကိုဖြိုးမင်းသိန်းက ဆိုသည်။

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းသာယာရေးကို ရှေးရှုသည့် လုပ်ဆောင်ချက်များ အကောင်အထည်ဖော်ရန် မေတ္တာရပ်ခံသည့် ယခုလှုပ်ရှားမှုတွင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး လိုလားသူများက ပါဝင် လက် မှတ် ထိုးခြင်းဖြစ်ကြောင်း သိရသည်။

“စုဆောင်းရရှိထားတဲ့ လက်မှတ် ၅၀၀ ၀န်းကျင်ကို ပထမ အဆင့်တင်မယ်။ နယ်တွေမှာရှိနေတဲ့ လက်မှတ်တွေရော ဆိုရင် တော့ ၁၀၀၀ ကျော် ရှိမယ်။ တိုင်း နှင့် ပြည်နယ် အားလုံးမှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ကျနော်တို့ လုပ်ဆောင်သွားမှာပါ”ဟု ကိုဖြိုးမင်းသိန်း က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အဓိကလက်ငင်း လိုအပ်ချက်များကို လူငယ်များကဦးဆောင်ပြီး လက်မှတ်ထိုးတောင်းဆိုကြသည်မှာ ပြည် သူ့ အသံကို ငြိမ်းချမ်းစွာဖော်ဆောင်ခြင်း ဖြစ်ကြောင်း NLD ဗဟို ဦးဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း ပြောသည်။

ဦးဝင်းတင်သည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး အကျဉ်းထောင်တွင်း နှစ်ပေါင်း၂၀ နီးပါး နေထိုင်ခဲ့ရသူလည်း ဖြစ်သည်။

ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ အစ်မဖြစ်သူ မကြည်ကြည်ညွန့် က“အခုလို နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ စုပေါင်းတောင်းဆို လက်မှတ်ထိုးကြတာဟာ ကျမတို့လိုနိုင်ငံရေးအကျဉ်း သား မိသားစုဝင်တွေ အတွက် မျှော်လင့်ချက် တခုတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် လူကိုယ်တိုင် ရောက်လာမှပဲ လွတ်လာတယ်လို့ မှတ်ရမှာပါပဲ”ဟု ပြောသည်။

စုပေါင်း လက်မှတ်ထိုးတောင်းဆိုချက်များပါ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးသည် အမျိုးသားပြန်လည်သင့်မြတ် ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့အတွက် အခြေခံကျသော လုပ်ဆောင်ပေးရမည့်အချက်လည်းဖြစ်သည်ဟု နိုင်ငံရေး လှုပ်ရှားသူများက ဆိုသည်။

“အခု နိုင်ငံတကာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း ပူးပေါင်းပါဝင်လက်မှတ်ရေးထိုးကြတယ်။ သူတို့ကလည်း သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးတွေက တဆင့် ပို့တာတို့၊ နောက် အွန်လိုင်းကနေ ပို့ပေးတာဆိုရင်တော့ ကျနော်တို့ကူးယူပြီး ဆက်တင်သွားမှာဖြစ်တယ်”ဟု ကိုဖြိုးမင်းသိန်းက ပြောဆိုသည်။

အဆိုပါလက်မှတ်ထိုးတောင်ဆိုမှုကို နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရေး အတွက် NLD သတင်းနှင့်ပြန်ကြားရေးဌာနမှလည်း ဆော်သြထားသည်။

“ကျနော်တို့ကလည်း ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်လို့ ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးပြီး ပိုမိုကျယ်ပြန့်အောင် ကူညီဆောင်ရွက်သွားမယ်”ဟု စင်္ကာပူရောက် မြန်မာနိုင်ငံသားတဦးက ပြောသည်။

No comments:

Post a Comment

အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...

Burmese Canadian Network Group.