www.BurmeseCanadianNetwork.com Email : : admin@BurmeseCanadianNetwork.com

ကနေဒါရောက် မြန်မာ တိုင်းရင်းသား လူမျိုးတိုင်း ၏ လစဉ် တွေ့ ဆုံ ဆွေး နွေး မိတ်ဖွဲ့ ရာ နေရာ....
Canada Nation wide monthly Skype & Tele Conference for Burmese

NLD by Elections Manifesto p1

NLD by Elections Manifesto p1

Burmese Canadian Protest in Toronto

Burmese Protest in Toronto

Peaceful Demonstration for Peace in Burma ( Rakhine )

Support for BBAO's Statement

Dear all Burmese people residing in Canada and friends of Burma, Burmese Canadian Network (B C N ) strongly support the following statement issued by the Burma Buddhist Association of Ontario BBAO; Sincerely, U Than Aung Coordinator and Co-founder Burmese Canadian Network (B C N) Canada Email:burmesecanadiannetwork@gmail.com BBAO Statement Aug 2012 - Copy

NLD by Elections Manifesto p2

NLD by Elections Manifesto p2

Saturday, January 21, 2012

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

photo - messenger journal/facebook

စာအမှတ် - ၁/၂ဝ၁၂ (၈၈)
၈၈ မျိုးဆက်ကျာင်းသားများ
88generation@gmail.com
၂၁ - ဇန်နဝါရီ -၂ဝ၁၂
ရန်ကုန်၊ မြန်မာ။

၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။

၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။

၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေး ၀န်းရံသွားမည်။

၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။

၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များအား ပြန်လည် စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။

၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။

၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။

၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ

Posted in: Announcement,ကြေညာချက်
http://www.irrawaddyblog.com

No comments:

Post a Comment

အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...

Burmese Canadian Network Group.