မြန်မာ့ဂုဏ်မြှင့်ချင်လွန်းလို့
(၂
)
မြန်မာလူမျိုးများဟာမြန်မာ့ရိုးရာရာသီပွဲတော်များကိုလေးလေးစားစား၊မြတ်မြတ်နိုးနိုးကျင်းပကြပါတယ်၊အဲဒိလိုကျင်းပခြင်းဟာအပျော်အပါးအတွက်သာကျင်းပ
ကြခြင်းမဟုတ်ပါ၊လူမှာအမျိုးကြက်မှာအရိုးဆိုတဲ့စကားအတိုင်းကိုယ့်အမျိုးကိုယ့်
ဘာသာတရားနှင့်ရိုးရာဓလေ့ထုံးစံများကိုမမေ့မပျောက်အောင်ထိန်းသိမ်းစောင့်
ရှောက်ဘို့သာမကပဲ၊ဖွံ့ဖြိုးတိုးတက်အောင်ကျိုးပမ်းဆောင်ရွက်ကြခြင်းဖြစ်ပါ
တယ်။
ကျွန်တော်တို့ငယ်စဉ်၊မူလတန်းကျောင်းသားဘဝကတည်းကမြန်မာရိုးရာပွဲတော်
များနှင့်အလွန်ပင်ရင်းနှီးလာခဲ့ကြပြီးအသက်အရွယ်တွေကြီးပြည်တွင်းပြည်ပနေရာ
ဒေသပေါင်းစုံကိုပြောင်းရွေ့နေထိုင်ကြပေမဲ့ကိုယ့်နိုင်ငံနှင့်ကိုယ့်ယဉ်ကျေးမှုဓလေ့ထုံးစံများကိုမမေ့ကြပါသူ့ခေတ်နှင့်သူ့အခါအလျှောက်ရိုးရာပွဲတော်များကိုကိုယ်နေထိုင်ရာဒေသတွေမှာကျင်းပကြပါတယ်ဆယ့်နှစ်လရာသီမြန်မာ့ရိုးရာရာသီပွဲတော်တွေထဲမှာပါဝင်ပြီးထူးထူးခြားခြားကျင်းပတဲ့ပွဲတော်ကတော့သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ပါတယ်။
သီတင်းကျွတ်လသည်မြန်မာလများတွင်ခုနှစ်လမြောက်ဖြစ်ပါတယ်၊မိုးရာသီ
ကုန်ဆုံးတော့မည်ဖြစ်၍မိုးအားနည်းပြီးဆောင်းရာသီ၏အရုဏ်ဦးအချိန်ဖြစ်ပါ
တယ်၊ယင်းအချိန်တွင်ဝါဆိုကင်းလွတ်သီတင်းကျွတ်ဆိုတဲ့စကားအတိုင်းရဟန်း
တော်များဝါဆိုသည့်ကာလကုန်ဆုံးသွားပြီဖြစ်၍အရပ်တပါးသို့ညဥ့်အိပ်ညဥ့်နေ
ကြွချီတော်မူနိုင်ကြပါပြီ၊တောင်သူလယ်သမားများသည်လည်းရွှေရောင်ဝင်းတဲ့
စပါးခင်းများကိုကြည့်ကာပီတိဖြာနေသောအချိန်ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည်တာဝတိ
ံသာနတ်ပြည်၌အဘိဓမ္မာဒေသနာကိုဝါတွင်းသုံးလပတ်
လုံးဟောပြီး၍သီတင်းကျွတ်လပြည့်နေ့တွင်လူ့ပြည်သို့
ပြန်ကြွလာသည်ကိုအ
ကြောင်းပြု၍သီတင်းကျွတ်လပြည့်နေ့တွင်အဘိဓမ္မာအခါတော်နေ့ကိုကျင်းပကြပါသည်၊ထိုကဲ့သို
့ဘုရားရှင်တာဝတိံသာနတ်ပြည်မှလူ့ပြည်သို
့ဆင်းသက်တော်
မူခဲ့သည်ကိုအကြောင်းပြု၍
တာဝတိံသာပွဲတော်ဟု၎င်း၊တာဝတိ
ံသာနတ်ပြည်
တည်ရှိရာမြင်းမိုရ်တောင်ထိပ်မှဆင်းသက်တော်မူသည်ကိုအကြောင်းပြု၍မီးမြင့်
မိုရ်ပွဲဟု၎င်းအမျိုးမျိုးခေါ်ကြပြီးဘုရားရှင်ကိုဆီမီးများထွန်းညှိပူဇော်ပွဲကျင်းပပါ
သည်။
အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်းမြန်မာလူမျိုးတို့သည်သီတင်းကျွတ်မီးထွန်း
ပွဲတော်ကိုသူခေတ်နှင့်သူ့အခါအလျှာက်ကျင်းပကြပါသည်၊ကျွန်တော်တို့နဲ့
သက်တူရွယ်တူများ၊တနည်းအားဖြင့်မျိုးဆက်ဟောင်းများဟာလွတ်လပ်ခါစ
မြန်မာနိုင်ငံ၊တနည်းဆိုရသော်ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့အစိုးရခေတ်ကို
မှီလိုက်ကြပါတယ်၊မြန်မာနိုင်ငံဟာအဲဒီအချိန်တုံးကအရှေ
့တောင်အာရှမှာ
ချမ်းသာကြွယ်ဝတဲ့နိုင်ငံအဖြစ်ရပ်တည်ခဲ့တဲ့အချိန်ကောင်းခေတ်ကောင်းဖြစ်
ပါတယ်၊ဒါရဲ
့အကျိုးဆက်ကတော့သီတင်းကျွတ်ပွဲတော်အပါအဝင်မြန်မာ့ရိုး
ရာပွဲတော်များကိုအထူးစည်ကားစွာခြိမ့်ခြိမ့်သဲကျင်းပနိုင်ခဲ့ကြပါတယ်၊အလွန်
ကြည်နူးပျော်ရွှင်ကြရတဲ့အချိန်ကာလဖြစ်၍ယနေ
့တိုင်မမေ့နိုင်ဖြစ်ရပါတယ်၊
တချိန်တည်းမှာယနေ့ခေတ်ကာလ၊တနည်းအားဖြင့်ဆရာကြီးဦးဝင်းတင်ရဲ့စ
ကားကိုညွှန်းပြီးပြောရရင်ထားစရာနေရာပင်မရှိလောက်အောင်ချမ်းသာသူများ
နှင့်စားစရာမရှိတဲ့ပြည်သူတွေသာရှိတဲ့ခေတ်ပျက်ကြီးမှာမွေးဖွားကြီးပြင်းလာ
ကြတဲ့မျိုးဆက်သစ်များအနေဖြင့်ဒီမိုကရေစီခေတ်ကောင်းတုံးကလိုသီတင်းကျွတ်
ပွဲတော်ကိုခြိမ့်ခြိမ့်သဲမကျင်းပနိုင်ကြပါဘူး၊ဒီမိုကရေစီခေတ်ကောင်းကိုမှီလိုက်တဲ့
မျိုးဆက်ဟောင်းများအနေဖြင့်ယ္ခုခေတ်မျိုးဆက်သစ်များကိုပျော်ရွှင်ချမ်းမြေ့စ
ရာကောင်းတဲ့ခေတ်ဟောင်း၊စနစ်ကောင်းတုံးကမြင်ကွင်းနှင့်အတူမြင်ချင်တဲ့
ဆန္ဒ၊ကိုယ်ချင်းစာတဲ့စိတ်အမှန်ပင်ရှိကြပါတယ်။
ယနေ
့ခေတ်ကာလဟာမြန်မာပြည်သူလူထုတရပ်လုံးသူ့ကျွန်မခံလိုတဲ့စိတ်ဖြင့်
စစ်ကျွန်ဘဝကလွတ်မြောက်အောင်ညီညီညွတ်ညွတ်စည်းကမ်းရှိရှိယုံကြည်မှုအပြည့်
ဖြင့်ပူးပေါင်းကျိုးပမ်းဆောင်ရွက်ရမည့်အချိန်ဖြစ်ပါတယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ်မြန်မာ
နိုင်ငံမှာပြန်လည်တည်ဆောက်နိုင်မှသာထိုက်တန်တဲ့ရလာဒ်အဖြစ်သီတင်းကျွတ်ပွဲ
တော်အပါအဝင်မြန်မာ့ရိုးရာပွဲတော်များကိုခြိမ့်ခြိမ့်သဲပျော်ရွှင်စွာပြန်လည်ကျင်းပနိုင်ပါ
မယ်။ဒါ့ကြောင့်ခေတ်ကောင်းစနစ်ကောင်းမြန်မာနိုင်ငံမှာပြန်လည်တည်ဆောက်နိုင်
ရေးကျိုးပမ်းမှုမှာအမိနိုင်ငံချစ်စတ်ရှိတဲ့မျိုးဆက်ဟောင်းရောမျိုးဆက်သစ်များပါတာဝန်
သိစွာဖြင့်အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ကျိုးပမ်းကြပါရန်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
သန်းအောင်(ရှမ်းကွင်းကြီးရွာ၊ဖျာပုံ)
၂၀၁၂ခု-အောက်တိုဘာလ(၂၇)ရက်
မှီငြမ်း။
၁။ဦးအေးနိုင်(ဘီအေ)၏ဆယ်နှစ်ရာသီမြန်မာ့ရိုးရာရာသီပွဲတော်များ
၂။
The Burman by Shwe
Yoe
No comments:
Post a Comment
အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...
Burmese Canadian Network Group.