မင်္ဂလာပါ
၂၀၁၃ခုနှစ်ဇူလိုင်လ(၂၂)ရက်နေ့ဟာဗုဒ္ဓဘာသာဝင်တို့ရဲ့ဝါဆိုလပြည့်နေ့ဖြစ်ပါတယ်၊ဝါဆိုလ
ပြည့်နေ့ကား “ သန္ဓေ၊တောထွက၊်ဓမ္မစက်၊တချက်ပြာဋိဟာ “ ဆိုတဲ့အတိုင်းသဗ္ဗညုတဥာဏ်ရှင်
ဘုရားသခင်ပဋိသန္ဓေနေတော်မူခြင်း၊တောထွက်တော်မူခြင်း၊တရားဦးဟောကြားတော်မူခြင်း၊ရေ
အစုံမီးအစုံတန်ခိုးပြာဋိဟာများကိုပြသတော်မူခြင်းဟူသော
ထူးခြားသည့်ဘာသာရေး မှတ်တိုင်ကြီးများကိုစိုက်ထူခဲ့သောနေ့မြတ်ဖြစ်သည်၊
ထို့ပြင် ဝါဆိုလပြည့်ကျော်၁-ရက်
နေ့တွင် ရဟန်းသံဃာများ ပုရိမဝါ ကပ်ဆိုတော်မူကြရသည်၊ထို့ကြောင့်
ဗုဒ္ဓဘာသာဝင်အားလုံးကဝါ
ဆိုလကို လထူးလမြတ်အဖြစ် သတ်မှတ်ထားကြခြင်းဖြစ်ပေသည်။
ဝါဆိုလတွင်ပြုလုပ်သည့်ဘာသာရေးယဉ်ကျေးမှုပွဲများကိုစုပေါင်းပြီးဝါဆိုပွဲတော်ဟုခေါ်ပါတယ်၊ထိုပွဲ
တော်တွင်ပါဝင်သောပွဲများကား
(၁) သံဃာတော်များဝါဆိုပွဲ၊
(၂) ဝါဆိုပန်းနှင့်ဝါဆိုသင်္ကန်းကပ်လှူပွဲ၊
(၃) သက်ကြီး ဝါကြီး ပူဇော်ကန်တော့ပွဲ
တို့ဖြစ်ပါသည်။
ဝါဆိုလသည် မြန်မာလများတွင်စတုတ္ထမြောက်လဖြစ်၍အပူရှိန်ပြင်းထန်ခြင်းမရှိပဲထိုလတွင်ရွာသွန်း
သောမိုးရေသည်အလွန်အေးမြ၏၊တောတန်းတလျှောက်၌လည်းဖွေးဖွေးဖြူအောင်ပွင့်နေကြသည့်မိ
ကျောင်းပန်းများကိုလည်းတွေ့နိုင်၏။ဝါဆိုလတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့်မြစ်။ချောင်း၊အင်း
အိုင်များ၌ ရေပြည့်လျှံနေသည်ကိုမြင်ရ၏၊ဤလိုသဘာဝအခြေနေအရပ်ရပ်ကိုစိတ်တွင်မြင်လာအောင်
လှပစွာဖွဲ့ဆိုထားတဲ့ကဗျာ့ပါရဂူဆရာကြီးမင်းသုဝဏ်ရဲ့အောက်ပါကဗျာလေးကိုပါမျှဝေလိုက်ပါတယ်။
ကိုယ့်နိုင်ငံကိုယ့်လူမျိုးနှင့်တန်ဖိုးမဖြတ်နိင်တဲ့မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကိုမမေ့မပျောက်ပဲဆက်
လက်ထိန်းသိမ်းကြပါစို့လို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျား။
ခင်မင်လေးစားစွာဖြင့်
ဦးသန်းအောင်
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ။
၂၀၁၃ခုဇူလိုင်လ (၂၂)ရက်၊ဝါဆိုလပြည့်နေ့
-------------ဆရာကြီးမင်းသုဝဏ်၏ကဗျာ--------------
သပြေသီးကောက်
ဝါဆိုဝါခေါင် ရေတွေကြီးလို၊
သပြေသီးမှည့်ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက၊
မျှော့နက်မည်းကြီး တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့၊
မြွေနဂါးတောင် ကြောက်ဖူးကွယ်။
တို့လည်းကြောက်ပေါင် အတူသွားစို့၊
အုန်းလက်နွားလေးထားခဲ့မယ်။
သွားကွယ်၊သွားကွယ်။
မင်းသုဝဏ်
No comments:
Post a Comment
အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...
Burmese Canadian Network Group.