ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ်မြောက် ဥရောပကို ထွက်ခွာ
2013-10-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂ ၅
နိုင်ငံကို သွားရောက်ဖို့အတွက် ဒီနေ့ည ၇နာရီဝန်းကျင်လောက်မှာ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။
ဒီခရီးစဉ်ဟာ ၂ ပတ်ဝန်းကျင်လောက် ကြာမြင့်မှာဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ရှိသလို လွန်ခဲ့တဲ့ ၂၃ နှစ်ကရရှိခဲ့တဲ့ လူ့အခွင့်အရေးဆု Sakharov ဆုကိုလည်း လက်ခံယူဖို့ရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ မှာ ဖြစ်ပါတယ်။
----------
မှတ်ချက်။ ဒေါက်တာလွဏ်းဆွေ၏ဝက်ဆိုက်မှကူးယူဖေါ်ပြပါသည်။

No comments:
Post a Comment
အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...
Burmese Canadian Network Group.