www.BurmeseCanadianNetwork.com Email : : admin@BurmeseCanadianNetwork.com

ကနေဒါရောက် မြန်မာ တိုင်းရင်းသား လူမျိုးတိုင်း ၏ လစဉ် တွေ့ ဆုံ ဆွေး နွေး မိတ်ဖွဲ့ ရာ နေရာ....
Canada Nation wide monthly Skype & Tele Conference for Burmese

NLD by Elections Manifesto p1

NLD by Elections Manifesto p1

Burmese Canadian Protest in Toronto

Burmese Protest in Toronto

Peaceful Demonstration for Peace in Burma ( Rakhine )

Support for BBAO's Statement

Dear all Burmese people residing in Canada and friends of Burma, Burmese Canadian Network (B C N ) strongly support the following statement issued by the Burma Buddhist Association of Ontario BBAO; Sincerely, U Than Aung Coordinator and Co-founder Burmese Canadian Network (B C N) Canada Email:burmesecanadiannetwork@gmail.com BBAO Statement Aug 2012 - Copy

NLD by Elections Manifesto p2

NLD by Elections Manifesto p2

Sunday, August 21, 2011


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ၊ ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုတရပ်လုံး၏ ပကတိ လိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့်အနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေခြင်းများ အပေါ် ကနေဒါနိုင်ငံ အခြေစိုက်မြန်မာဒီမိုကရေစီအဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ကြေငြာချက်
                                                                                                                                                                                                                                နေ့စွဲ။ ။ ၂၀၁၁ခု-ဩဂုတ်လ(၂၁)ရက်                                                                                                                                        နေ့စွဲ။    ။ ၂၀၁၁ခု-ဩဂုတ်လ(၂၁)ရက်

၁။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဘဝမှ လွတ်မြောက် ခဲ့သည့် (၂၀၁၀) ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ (၅၆)သန်းကျော်သော မြန်မာပြည်သူတရပ်လုံး၊ ကြုံတွေ့ နေရသည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးရာ အခက်ခဲပေါင်းများစွာနှင့် ခံစားနေရသော ဒုက္ခမျိုးစုံတို့မှ လွတ်မြောက်ရေးအတွက်၊ တစိုက်မတ်မတ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည်ကို မြန်မာ ပြည်သူများအားလုံးက ထောက်ခံအားပေးလျှက်ရှိပါသည်။ အထူးသဖြင့် လက်ရှိအာဏာရ အစိုးရအဖွဲ့ဝင်၊ဦးအောင်ကြည်နှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် သမတဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခြင်း စသည်တို့အပေါ် ကနေဒါ အခြေစိုက် မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းများက အပြည့်အဝ ထောက်ခံပါသည်။

၂။ မြန်မာနိုင်ငံ၏ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် လက်ရှိအချိန်သာမက နောင်လာမည့် နှစ်ပေါင်းများစွာ အတွက်ပါ အသက်တမျှ အရေးကြီးသည့် အောက်တွင်ဖေါ်ပြပါ ကိစ္စရပ်များကိုလည်း၊လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျှော်အမြင်ကြီးစွာဖြင့် လက်ရှိအာဏာရအစိုးရ သမ္မတ ဦးသိန်းစိန်အား ဦးစားပေးပြီး အရေးယူဆောင်ရွက်ပါရန် တိုက်တွန်းနှိုးဆော်ထားပါသည်။
(က) အမျိုးသားရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားများ အပါအ၀င် အဖမ်းခံထားရသော နိုင်ငံရေး အကျဉ်းသမား အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်။
() တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်အကြား လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများကို ချက်ချင်းရပ်စဲပြီး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် နိုင်ငံရေးအရ တပြိုင်တည်း အားလုံးနှင့်  တွေ့ဆုံဆွေးနွေး အဖြေရှာရန်
() မိခင်ဧရာဝတီမြစ်ကြီး ထာဝရရှင်သန်စေရေးအတွက် ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကို ရပ်ဆိုင်းပြီး နိုင်ငံတကာမှ၊ ကျွမ်းကျင်သော ပညာရှင်များနှင့် စနစ်တကျ ဖွဲ့စည်းတိုင်ပင်ကာ သုတေသနပြု၍ လိုအပ်သော စစ်ဆေးလေ့လာမှုများ ဆောင်ရွက်ရန်နှင့် အဆိုပါ ကျွမ်းကျင်သူများ တွေ့ရှိသည့် ကောင်းကျိုး၊ ဆိုးကျိုးများကို မြန်မာပြည်သူလူထုတရပ်လုံအား အသိပေးပြီး၊ ပြည်သူတရပ်လုံး၏ ဆန္ဒကို အမြန်ဆုံးရယူရန်
၃။ မြန်မာနိုင်ငံ၏ လက်ရှိနိင်ငံရေးဖြစ်စဉ်အရ () နိုင်ငံရေးသမားများ () နိုင်ငံရေးတက်ကြွလှူပ်ရှားသူများ () လက်နက်ကိုင်အင်အားစုများနှင့် ပြည်သူတရပ်လုံးတို့မှ စည်းလုံးညီညွတ်ကာ အမျိုးသာရေး တာဝန် တရပ်အဖြစ် စည်းကမ်းစနစ်ရှိစွာဖြင့် မိမိတို့၏ ရပိုင်ခွင့်များကို တိုက်ပွဲဝင်ရမည့်အချိန်ဖြစ်ပါသည်။ စုစည်း ညီညွတ်ပြီး အင်အားကောင်းမှသာ မိမိတို့တောင်းဆိုချက်များကို သမ္မတဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိ အာဏာရအစိုးရအနေဖြင့် လိုက်လျောလာသည်ဟု မိမိတို့ ယုံကြည်သည်။ ဤသို့ ယုံကြည်သည့်အတိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းကြည် တိုက်တွန်းထားသကဲ့သို့ ဒီမိုကရေစီ တိုက်ပွဲဝင်သူများအတွင်း ညီညွတ်ရေုး အမြန်ရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ အပ်ပါသည်။

အထက်ဖေါ်ပြပါ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းနှိုးဆော်ချက်များကို သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအနေဖြင့် အပြောသက်သက်၊ ဟန်ပြသက်သက် မဟုတ်ပဲ လက်တွေ့ အလုပ်များဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်ပြီး သက်သေပြကြရန်၊ ကနေဒါအခြေစိုက် မြန်မာ့ဒိမိုကရေစီ အဖွဲ့များက လေးလေးနက်နက် တောင်းဆိုလိုက်ပါသည်။

ကြေငြာချက်တွင်သဘောတူပါဝင်သည့်အဖွဲ့အစည်းများ။
(1)Burmese Canadian Network (Canada)
(2) BurmaWatch International (Edmonton)
(3)All Burma Muslim Union (Canada Branch)
(4)Burmese Muslin Association (Canada)
(5)Burmese Student Democratic Organization (Toronto)
(6)National League for Democracy (NLD LA Canada Branch)
(7)International Foundation for Burma National Congress (Canada Branch)
(8)United Democratic Youth League (Canada Branch)


ဆက်သွယ်ရန်။
 () ဦးညွန့်လှ         Email: nyunt1947@gmail.com   (306)242-4536
() ဦးသန်းအောင်    Email: thanaung56@yahoo.ca     (780) 439 7555     


No comments:

Post a Comment

အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...

Burmese Canadian Network Group.