www.BurmeseCanadianNetwork.com Email : : admin@BurmeseCanadianNetwork.com

ကနေဒါရောက် မြန်မာ တိုင်းရင်းသား လူမျိုးတိုင်း ၏ လစဉ် တွေ့ ဆုံ ဆွေး နွေး မိတ်ဖွဲ့ ရာ နေရာ....
Canada Nation wide monthly Skype & Tele Conference for Burmese

NLD by Elections Manifesto p1

NLD by Elections Manifesto p1

Burmese Canadian Protest in Toronto

Burmese Protest in Toronto

Peaceful Demonstration for Peace in Burma ( Rakhine )

Support for BBAO's Statement

Dear all Burmese people residing in Canada and friends of Burma, Burmese Canadian Network (B C N ) strongly support the following statement issued by the Burma Buddhist Association of Ontario BBAO; Sincerely, U Than Aung Coordinator and Co-founder Burmese Canadian Network (B C N) Canada Email:burmesecanadiannetwork@gmail.com BBAO Statement Aug 2012 - Copy

NLD by Elections Manifesto p2

NLD by Elections Manifesto p2

Wednesday, September 14, 2011

ကမ္ဘာ့ဒီမိုကရေစီနေ့ NLD ကျင်းပမည်

mizzimaburmese.com
နယူးဒေလီ (မဇ္ဈိမ) ။       ။ ကြာသပတေးနေ့တွင် ကျရောက်သည့် ကမ္ဘာ့ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနား တခုကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်တွင် ကျင်းပမည် ဖြစ်သည်။

“ဒီနေ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးကနေ ဆုံးဖြတ်တာက ကျနော်တို့လည်း ကမ္ဘာ့ဒီမိုကရေစီနေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံးမှာ ကျင်းပမယ်။ ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ် အသီးသီး၊ တိုင်းနဲ့ဗဟို အဆင့် ပုဂ္ဂိုလ်
တွေကို ဖိတ်ကြား ထားပါတယ်။ မန္တလေးတိုင်းဆိုရင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ စီစဉ်နေပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
nlddemo
အခမ်းအနားတွင် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ဒီမိုကရေစီအကြောင်း ဟောပြောခြင်း အစီအစဉ်တခုသာ ထည့်သွင်းထားပြီး
နေ့လည်ပိုင်းတွင် အလုပ်ရုံ ဆွေးနွေးပွဲတခု ပြုလုပ်ရန် ရှိသဖြင့် အခမ်းအနားကို အကျဉ်းရုံး ကျင်းပသွားမည်
ဖြစ်သည်။

စက်တင်္ဘာ ၁၅ ရက်နေ့အား ကမ္ဘာ့ဒီမိုကရေစီနေ့ အဖြစ် ၂၀၀၇ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ သတ်မှတ်ထားရာ မြန်မာနိုင်ငံတွင်လည်း ပထမဆုံးအကြိမ် အဖြစ် ဦးသိန်းစိန် အစိုးရက နေပြည်တော်တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ၌ ကျင်းပမည့် အစိုးရ၏ အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒု-ဝန်ကြီးများနှင့် ကုလ အဖွဲ့အစည်းများ တက်မည်ဟု ဖော်ပြ ပါရှိသည်။

အစိုးရ ကျင်းပမည့် အဆိုပါ အခမ်းအနားသို့ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားခြင်း မရှိသည့် အပေါ် NLD က မည်သည့် မှတ်ချက်မျှ မပေးလိုကြောင်း ဦးအုန်းကြိုင်က ပြောသည်။

သို့သော် လွှတ်တော် အသိုင်းအဝိုင်းအတွင်းသာ ကျင်းပမည့် ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဒီမိုကရေစီ အနှစ်သာရ
များ ကင်းမဲ့နေကြောင်း ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ မျိုးဆက် ကိုမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။

“ဒီမိုကရေစီရဲ့ သဘောသဘာဝ အရကိုက အားလုံးပါဝင်မှုက အရမ်း အရေးကြီး ပါတယ်။ သဘောထား မတူတဲ့လူရော၊ အမြင်မတူတဲ့ လူရော၊ ရန်သူရော မိတ်ဆွေရော အကုန်ပါမှ ဒီမိုကရေစီနေ့ အနှစ်သာရ
ပြည့်ဝမှာ ဖြစ်ပါတယ်။ အဲလို မပါဘူးဆိုရင်တော့ လူတစုက ကျင်းပတဲ့နေ့ပဲ ဖြစ်မှာပေါ့။ ဒါဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရ ပျောက်ကွယ်သွားပြီလို့ ပြောလိုပါတယ်” ဟု ပြောသည်။

ဒီမိုကရေစီ၏ အနှစ်သာရများ အဖြစ် အားကောင်းသော လွှတ်တော်များ၊ လွတ်လပ်၍ တရားမျှတသော
ရွေးကောက်ပွဲများ၊ လူ့အခွင့်အရေး အာမခံချက်များ ရှိရမည် ဖြစ်သည်။ ထို့ပြင် ထိရောက်သော နိုင်ငံရေး
ပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် လွတ်လပ်သော မီဒီယာများ စသည့် အခြေခံများ ရှိဖို့လိုအပ်
ကြောင်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ IPU က ဆိုသည်။

နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ခန့် ရှိနေဆဲဖြစ်သည့် မြန်မာနိုင်ငံ၏ အစိုးရက ဒီမိုကရေစီနေ့ ကျင်းပခြင်းမှာ ရယ်စရာတခု ဖြစ်နေကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။

စက်တင်္ဘာ ၂၇ ရက်နေ့တွင် ကျရောက်မည့် NLD ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား တခုကိုလည်း
နိုင်ငံရေး အဓိပ္ပါယ်ရှိရှိ၊ စည်စည်ကားကား ကျင်းပသွားရန် စီစဉ်နေကြောင်း ဦးအုန်းကြိုင်က ပြောသည်။

No comments:

Post a Comment

အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...

Burmese Canadian Network Group.