www.BurmeseCanadianNetwork.com Email : : admin@BurmeseCanadianNetwork.com

ကနေဒါရောက် မြန်မာ တိုင်းရင်းသား လူမျိုးတိုင်း ၏ လစဉ် တွေ့ ဆုံ ဆွေး နွေး မိတ်ဖွဲ့ ရာ နေရာ....
Canada Nation wide monthly Skype & Tele Conference for Burmese

NLD by Elections Manifesto p1

NLD by Elections Manifesto p1

Burmese Canadian Protest in Toronto

Burmese Protest in Toronto

Peaceful Demonstration for Peace in Burma ( Rakhine )

Support for BBAO's Statement

Dear all Burmese people residing in Canada and friends of Burma, Burmese Canadian Network (B C N ) strongly support the following statement issued by the Burma Buddhist Association of Ontario BBAO; Sincerely, U Than Aung Coordinator and Co-founder Burmese Canadian Network (B C N) Canada Email:burmesecanadiannetwork@gmail.com BBAO Statement Aug 2012 - Copy

NLD by Elections Manifesto p2

NLD by Elections Manifesto p2

Monday, October 10, 2011

NLD မှတ်ပုံတင်ရေး မဆုံးဖြတ်ရသေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောပြီ

နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၈ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှတ်ပုံတင်ရေးနှင့် ကြားဖြတ် ရွေးကောက်ပွဲဝင်ရေး ကိစ္စများနှင့် ပတ်သက်ပြီး တစုံတရာ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Mr. Espen Barth Eide နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ဆုံအပြီး သတင်းထောက် များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

NLD ပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်တော့မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် တိကျရေရာစွာ သိရှိလိုကြောင်း သတင်းထောက်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ထဲမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေကို ပြင်ဆင်နေတယ်ဆိုတာတွေ ကြားနေလို့ အဲဒီအပေါ်မှာ အခြေခံပြီး ဆွေးနွေးကြတာပါ။ ဥပဒေတောင်မှ ဘာမှ အတည်မပြုရသေးတာ ဘယ်လို ဆုံးဖြတ်ရမလဲ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ မကြာသေးမီက တွေ့ဆုံစဉ်ကလည်း နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကိစ္စကို ပြောဆိုဆွေးနွေးခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်လာမည့် အချိန်ကို စောင့်ဆိုင်းလျက် ရှိကြောင်း၊ ပါတီမှတ်ပုံတင်ရေးကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ဆုံးဖြတ်ခြင်း မရှိသေးကြောင်း ပြောခဲ့သည်ဟု သတင်းထောက်များအား တွေ့ဆုံစဉ် ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က NLD အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲဝင်၊ မ၀င်ကိစ္စကိုလည်း မဆုံးဖြတ် ရသေးကြောင်း၊ NLD သည် ပြောင်းလဲလာသော အခြေအနေများပေါ် မူတည်၍ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်က မိမိအနေနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို အစဉ်တစိုက် တောင်းဆိုခဲ့ပြီး
မျှော်လင့် စောင့်စားလျက်ရှိကြောင်း အလေးအနက် ပြောဆိုသွားသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်မှုကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား မပြေလည်မှုများ ရှိခဲ့လျှင် ညှိနှိုင်း၍ ရေရှည်အကျိုးကို ကြည့်ကာ သဘောထားကြီးကြီးနှင့် ပြေလည်စေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ နှစ်နိုင်ငံ ပြည်သူပြည်သား အချင်းချင်းလည်း တဦးအပေါ်တဦး ကြည်ကြည်လင်လင် ဖြစ်စေချင်ကြောင်း၊ အိမ်နီးချင်း နိုင်ငံအချင်းချင်း နားလည်မှုရှိစွာဖြင့် သင့်တင့်မှုရှိလျှင် အကောင်းဆုံးဖြစ်ကြောင်း သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုအချိန်တွင် ခရီးထွက်ရန်မည့်အစီအစဉ် တစုံတရာမရှိသေးကြောင်းလည်း ပြောသည်။

နော်ဝေးနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လာရောက်သည့်ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ဦးရွှေမန်းက နိုင်ငံရေးအကျဉ်းသားများအား မကြာမီ လွှတ်ပေးတော့မည်ဟု ပြောဆိုသွားသည်။

No comments:

Post a Comment

အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...

Burmese Canadian Network Group.