www.BurmeseCanadianNetwork.com Email : : admin@BurmeseCanadianNetwork.com

ကနေဒါရောက် မြန်မာ တိုင်းရင်းသား လူမျိုးတိုင်း ၏ လစဉ် တွေ့ ဆုံ ဆွေး နွေး မိတ်ဖွဲ့ ရာ နေရာ....
Canada Nation wide monthly Skype & Tele Conference for Burmese

NLD by Elections Manifesto p1

NLD by Elections Manifesto p1

Burmese Canadian Protest in Toronto

Burmese Protest in Toronto

Peaceful Demonstration for Peace in Burma ( Rakhine )

Support for BBAO's Statement

Dear all Burmese people residing in Canada and friends of Burma, Burmese Canadian Network (B C N ) strongly support the following statement issued by the Burma Buddhist Association of Ontario BBAO; Sincerely, U Than Aung Coordinator and Co-founder Burmese Canadian Network (B C N) Canada Email:burmesecanadiannetwork@gmail.com BBAO Statement Aug 2012 - Copy

NLD by Elections Manifesto p2

NLD by Elections Manifesto p2

Sunday, October 27, 2013

ကနေဒါနိုင်ငံအက်ဒမင်တန်မြို့တွင်ကျင်းပခဲ့တဲ့မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်နှင့်သက်ကြီးပူဇော်ပွဲသတင်း

မြန်မာ့ယဉ်ကျေးမှုအသင်းအလုပ်အမှုဆောင်များနှင့်အသင်းသူအသင်းသားများခင်ဗျား

မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်ကဦးစီးကျင်းပခဲ့တဲ့ယ္ခုနှစ်မြန်မာရိုးရာသီတင်းကျွတ်ပွဲတော်ဟာယ္ခင်နှစ်များနည်းတူအထူးပဲ
အောင်မြင်ခဲ့ပါတယ်။ဒီလိုအောင်မြင်အောင်အကြံကောင်းများပေးခဲ့ခြင်း၊ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့ခြင်းတို့အတွက်အထူးပဲကျေးဇူးတင်ရှိပါကြောင်း
မြန်မာ့ယဉ်ကျေးမှုအသင်းကိုယ်စားပြောကြားလိုပါတယ်။အဘိုးအဘွားများသက်ကြီးပူဇော်ပွဲတက်ရောက်နိုင်အောင်အပင်ပမ်းခံအကူအညီပေးခဲ့
တဲ့ကိုဒေးဗစ်နှင့်မဆန်နီမိသားစု၊ကိုမင်းစိုးသိန်းနှင့်မအေးအေးမိသားစု၊ဘိုးဘွားများအတွက်ကံတော့လက်ဆောင်နှင့်ဖိတ်စာဒီဇိုင်းရေးဆွဲပေးတဲ့
ကိုအောင်ကျော်မိုးနှင့်မအေးချမ်းမြေ၊သီတင်းကျွတ်မီးထွန်းပွဲတော်ဖိတ်စာဒီဇိုင်းရေးဆွဲပေးတဲ့ကိုအောင်မြိုင်နှင့်သီတင်းကျွတ်မီးထွန်းပွဲသို့တက်
ရောက်ရန်မြန်မာမိတ်ဆွေများကိုဖိတ်ကြားပေးတဲ့ကိုအောင်သန်းကြွယ်နှင့်မချိုနွယ်ဦးတို့ကိုအထူးကျေးဇူးတင်ကြောင်းထပ်ဆင့်ပြောကြားလိုက် ပါတယ်ခင်ဗျား။

ယ္ခုနှစ်မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်၏အစီအစဉ်တခုဖြစ်တဲ့သက်ကြီးပူဇော်ပွဲသို့အက်ဒမင်တန်မြို့တွင်နေထိုင်တဲ့ဘိုးဘွားများတက်ရောက်ခဲ့ကြပြီး
အခုလိုမြန်မာယဉ်ကျေးမှုဓလေ့ထုံးစံကျင်းပပုံမျိုးငယ်စဉ်ကပြည်တွင်းမှာပါဝင်ဆင်နွှဲခဲ့ပုံကိုသတိရကြောင်းနှင့်ပြည်ပနိုင်ငံဖြစ်တဲ့ကနေဒါနိုင်ငံမှာအခုလို
ကျင်းပနိုင်တာတွေ့ရ၍အလွန်ဝမ်းသာကြောင်းပြောကြားကြပါတယ်။

ကနေဒါနိုင်ငံ၊အယ်လ်ဘားတားပြည်နယ်၊အက်ဒမင်တန်မြို့တွင်နေထိုင်ကြတဲ့မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုမောင်နှမများအခုလိုစုစည်းညီညွတ်
မှုမှသည်ကနေဒါနိုင်ငံပြည်နယ်အားလုံးတို့တွင်ပြန့်ကျဲနေထိုင်နေကြတဲ့မြန်မာတိုင်းရင်းသားအားလုံးတို့နှင့်ပါညီညွတ်ရေးတည်ဆောက်နိုင်အောင်ဆက်
လက်ကြိုးပမ်းကြပါစို့လို့တိုက်တွန်းဆန္ဒပြုလိုက်ပါတယ်ခင်ဗျား။

ခင်မင်လေးစားလျှက်

ဦးသန်းအောင်
ဥက္ကဌ
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ။
၂၀၁၃ခု၊အောက်တိုဘာလ(၂၇)ရက်

No comments:

Post a Comment

အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...

Burmese Canadian Network Group.