www.BurmeseCanadianNetwork.com Email : : admin@BurmeseCanadianNetwork.com

ကနေဒါရောက် မြန်မာ တိုင်းရင်းသား လူမျိုးတိုင်း ၏ လစဉ် တွေ့ ဆုံ ဆွေး နွေး မိတ်ဖွဲ့ ရာ နေရာ....
Canada Nation wide monthly Skype & Tele Conference for Burmese

NLD by Elections Manifesto p1

NLD by Elections Manifesto p1

Burmese Canadian Protest in Toronto

Burmese Protest in Toronto

Peaceful Demonstration for Peace in Burma ( Rakhine )

Support for BBAO's Statement

Dear all Burmese people residing in Canada and friends of Burma, Burmese Canadian Network (B C N ) strongly support the following statement issued by the Burma Buddhist Association of Ontario BBAO; Sincerely, U Than Aung Coordinator and Co-founder Burmese Canadian Network (B C N) Canada Email:burmesecanadiannetwork@gmail.com BBAO Statement Aug 2012 - Copy

NLD by Elections Manifesto p2

NLD by Elections Manifesto p2

Thursday, October 13, 2011

လွတ်ငြိမ်းချမ်းသာခွင့်ကို မခံစားရသေးတဲ့ နိုင်ငံရေးအကျဉ်းသူ မဟန်နီဦး ရဲ့ ဖခင်ဖြစ်သူနဲ့ ဆက်သွယ်မေးမြန်းချက်

နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၉/၂၀၁၁ နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပေမယ့် ပြန်လည်လွတ်မြောက်လာခြင်းမရှိ ဘဲ၊ ရှမ်းပြည်နယ် လားရှိုးထောင်မှာ ဆက်လက်အကျဉ်းကျခံနေရတဲ့ ၂ဝဝ၇ မျိုးဆက် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တဦး ဖြစ်သူ မဟန်နီဦး ဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဖြိုခွဲခံရအပြီး ၂ဝဝ၇ ခုနှစ် အောက်တိုဘာလမှာ အဖမ်းဆီးခံရပြီး နောက် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၂၄ (က)၊ (၆) တို့နဲ့ ထောင်ဒဏ် ၉ နှစ်ခွဲနဲ့ ဆက်လက်ကျခံနေရပါတယ်။
နိုင်ငံရေးအကျဉ်းသူ မဟန်နီဦး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခြဲ့ခင်းမရှိတဲ့အပေါ် နိုင်ငံရေးအကျဉ်း သားဟောင်းတဦး ဖြစ်ခဲ့ဖူးသူ ဖခင် ဦးထွန်းဦး ကို နေ့သစ် ဝိုင်းတော်သား ကလျာ မှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ကလျာ
အခု ဟန်နီထွန်းက ကျန်းမာရေး မကောင်းဘူးလို့ ကျမတို့ ကြားရတယ်။ ခုလို ကျန်းမာရေးမကောင်းတဲ့ အခြေအနေမျိုး မှာ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာလိုက်တဲ့အတွက် အန်ကယ်တို့ အနေနဲ့ ဟန်နီထွန်း လွတ်ဖို့ မျှော်လင့်ချက် ထားခဲ့ သလားရှင့်
ဦးထွန်းဦး
အားလုံးပဲပေါ့ဗျာ အကျဉ်းအကြပ်ထဲမှာ နေ နေရတဲ လူတွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ တကယ့်ကို ကြီးကြီး ကျယ်ကျယ် ဆောင်းပါးတွေရော ဘာတွေရောနဲ့ ပြောထားတော့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ကြတော့ မလွတ်လာတဲ့ အခါမှာ အားလုံးက ဒေါသထွက်တယ်။ အလိမ်ခံရတယ်လို့ ခံစားနေရတယ်။ နောက်ပြီး သူက ကျန်းမာ ရေးလဲ မကောင်းဘူး။ အစာအိမ်ရောဂါကလည်း ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ နောက်သူနဲ့ အတူတူနေတဲ့ တယောက် ကတော့ လွတ်သွားတယ်ဗျာ အဲလိုဖြစ်တော့ ပိုပြီး ခံစားရတယ်ပေါ့ဗျာ။ ၂ ယောက်တည်းနေရတဲ့ အထဲမှာမှ သူတ ယောက်ပဲကျန်ခဲ့ရတော့ ပိုပြီး ခံစားနေရတာပေါ့။ ဒါကတော့ မလွဲမသွေပဲလေ။ စိတ်ထဲမှာ ဘယ်လောက်ပဲ သူ့ကိုယ်သူ တင်းထား တင်းထား သေချာတယ်ဗျ ခံစားမှုကတော့ ဖြစ်မှာပဲ။ သူ့ရောဂါကတော့ ထပ်ပြီး တိုးလာမှာပဲ။ ကျနော်ဆိုလဲ ဆက်တိုက်ပါပဲ၊ ဒီနေ့ထိကို မပြန်ဘဲနဲ့ လိုတာတွေ လုပ်ပေးနေတာပေါ့။
ကလျာ
ဟန်နီဦး မလွတ်တဲ့အပေါ်မှာ အန်ကယ့်အနေနဲ့ ဘယ်လို ထင်ပါသလဲ ရှင့်
ဦးထွန်းဦး
ရိုးရိုးလေးပဲဗျ အခုက အနီးဆုံးလူကိုပဲ လွှတ်ပေးတယ်၊ ခပ်ဝေးဝေးတွေ ဘယ်သူ့မှကို မပါဘူး၊ ထူးထူးခြားခြား တယောက် နှစ်ယောက်လောက်ပဲရှိတယ်။
ကလျာ
အန်ကယ် ဦးထွန်းဦး အနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက် ဖြစ်တယ်လို့ သိထားတယ်လေ၊ အန်ကယ့် အနေ နဲ့ ထောင်ထဲမှာ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေလည်းရှိတဲ့ အခါကျတော့ အခု ဟန်နီဦးကိုရော ဘယ်လို့အခြေအနေမျိုး တွေနဲ့ တွေ့ကြုံမှာ စိုးရိမ်ပူပန်မှုပိုဖြစ်ပါသလဲ ရှင့်
ဦးထွန်းဦး
သူက ငယ်တယ်ဗျ၊ အသက်ငယ်တယ် ကျောင်းသူဘဝ နောက်ပြီး မိဘရဲ့ ရင်ခွင်ထဲမှာ နေတဲ့ လူတ ယောက်အနနဲ့ အခုလို လုပ်တာမျိုးတွေဟာ သူမှမဟုတ်ဘူးပေါ့ဗျာ တချို့တွေလည်း ဒီအရွယ်တွေပဲ၊ တမင်တကာလုပ် တယ်ဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ တမင်လုပ်တယ်ဆိုရင်တော့ မသင့်တော်တဲ့ အလုပ်ကို လုပ်တာပဲဗျ၊ ရှင်းရှင်းလင်းလင်းပြောရရင် မပေးနိုင်ရင် မပေးနဲ့ဗျာ၊ သူတို့ဟာသူတို့ ရပ်ခံမှာပေါ့။ အခုလိုလုပ်တာတော့ နှစ်ဖက်လုံးအတွက် မကောင်းဘူး။ စိတ်ထဲ က ကောင်းတယ်လို့ ယူဆရင်း ယူဆရင်းနဲ့ ထပ်ထပ်ပြီး အနာဟောင်းကို ဆွသလို ဖြစ်လာလို့ ထပြီး ပေါက်ကွဲရရင် မ ကောင်းတော့ဘူး၊ အဲဒီကလေးတွေက အကောင်းလေးတွေ ဖြစ်သွားလိမ့်မယ်၊ အခု ကလေးဟာ ကလေးလောက်ပဲ ရှိနေရာကနေ သူတို့ မွေးပေးလိုက်သလိုဖြစ်သွားရင် သူတို့မှာ တာဝန်ရှိတာပဲဗျ။ ကလေးတွေကို ပိုပိုပြီး ထိခိုက်နာကျင် အောင်လုပ်သလို ဖြစ်လာရင် သူတို့အမှား မဖြစ်နိုင်တော့ဘူး၊ သူတို့က အမှန်အတိုင်းရှိရာကနေ ပေါက်ကွဲထွက်သွားရင် ပေါက်ကွဲတဲ့လူကို အပြစ်ပြောလို့ မရဘူး၊ သူတို့က မပေါက်ကွဲအောင် ထိန်းသိမ်းတဲ့ကြားထဲက တွန်းပို့သလိုလုပ်တယ် ဆိုရင်တော့ ဒီကလေးတွေ အပြစ်မဟုတ်ဘူး၊
ကလျာ
အန်ကယ်က ဟန်နီဦး ရဲ့ ဖခင်တယောက်အနေနဲ့ရော နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်အနေနဲ့ပါ အခု သမတ ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ်မှာရော အန်ကယ် ဘာပြောချင်သလဲ ရှင့်
ဦးထွန်းဦး
ရိုးရိုးလေးပဲဗျာ၊ ဒီကိစ္စကလေ သူတို့ ခေါင်းစဉ်းနဲ့ တခြားစီဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အခုလွတ်တဲ့ ရာနဲ့ချီတဲ့ သူတွေက လွတ်နီးတွေဖြစ်တယ်။ လွတ်နီးတွေကို ပြန်ကြည့်လိုက်တော့ လျော့ရက်လည်းမရဘူးဗျာ၊ အဲဒီလျော့ရက်တွေ သာရရင် ဒီလူတွေက ကြာလှပြီးလွတ်နေတာ၊ ဒါက ခေါင်းစီး လေးတပ်ပြီး တမင်သက်သက်ပဲ တကယ့်စေတနာတွေ ထားသလိုလုပ်ပြတာ၊ ဥပဒေအရ သွားမယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ တကယ့်ကို ထိုက်ထိုက်တန်တန် ရ ရမယ်။ သမိုင်းတလျောက်လုံးမှာ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ ထိုက်ထိုက်တန်တန် ရတာတွေချည်းပဲ၊ နောက်ဆုံး သေ ဒဏ်ပေးထားတဲ့ လူတောင်လွတ်တယ်ဗျာ၊ အခုတော့ လွတ်နီးတွေပဲ လွတ်တယ်ဗျာ အဲဒါဘာလုပ်နေတာလဲ ကျနော် တော့ နားကိုမလည်တော့ဘူး၊ လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဗျာ၊ စကားလုံးတွေနဲ့ ပြောနေတာ မဟုတ်ဘူး။ လက်တွေ့လုပ်လိုက်တာအခါမှာ တလွဲတွေချည်းပဲ၊ အဲဒီလိုခံစားနေရတယ်။ ဗမာပြည်ရဲ့ ဖြစ်နေတဲ့ အခြေအ နေတွေက လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ တန်းဘိုးကို ယုတ်လျော့စေတာဖြစ်လို့ ပြောတာပါ။
ကလျာ
အခု မြန်မာနိုင်ငံမှ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေလို့ ပြောဆိုနေတဲ့ အပေါ်မှာ အန်ကယ် ဘယ်လို ထင်မြင်ပါ သလဲ ရှင့်
ဦးထွန်းဦး
ကျနော်တို့ပြောတာတွေထက် လက်တွေ့က ပြနေတာပဲဗျာ၊ ဒီထက်ထိ ရှင်းတာ ဘာရှိသေးလဲ။ ကျနော်တို့ပြောလို့ ပိုသွား အုံးမယ်။ သက်ဆိုင်တဲ့ လူကိုယ်တိုင် နားလည်အောင်လို့ ဆက်လေ့လာပါ၊ ဘဝနဲ့ ယှဉ်ပြီး စဉ်းစာပါလို့ ပြောချင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျနော်တို့ကတော့ အတူတူ ရှိနေမှာပါပဲ၊ ကျနော်တို့ ခံစားရသလိုပဲ ခံစားရတယ်ဆိုရင် ဒီဟာကို ပိုနားလည်အောင် ကြည့်ဖို့ ကျနော်တို့ကတော့ တိုက်တွန်းချင်တယ်။ ပြီးတော့လဲ အတွေ့အကြုံတွေ ပိုရပါအုံးမယ်လိုလဲ ပြောချင်ပါတယ်။
ကလျာ
နိုင်ငံရေးအကျဉ်းသားတွေကို အခုလို လွှတ်ပေးနေမှုမှာ နိုင်ငံတကာရဲ စီးပွားရေး ပိတ်ဆို့မှု လျော့ပေါ့သွားနိုင်မလား အန်ကယ့် အနေနဲ့ ဘယ်လို မြင်ပါသလဲရှင့်
ဦးထွန်းဦး
လက်တွေ့အရတော့ သူတို့က လွှတ်ပေးတာတွေရှိတာပေါ့ ဒါပေမယ့် ဘယ်လိုလွှတ်ပေးတာလဲဆိုတာ အားလုံးအသိပဲ လေ၊ ကာယကံရှင်ကိုယ်တိုင်းလဲ သိတယ်ဗျာ၊ တကယ်ထိုက်တန်တဲ့ အရာကို လိုချင်ရင် တကယ်ထိုက်တန်တဲ့ အရာကိုပေးရမယ်။ အဲလိုမှ မဟုတ်ရင်တော့ ကမ္ဘာကြီးက အကျယ်ကြီးပါ၊ ဒီကနေ့က တိုးတက်နေတယ် အားလုံးကို လည်း သိနေတယ်။ သိနေတဲ့ အတွက်ကြောင့်မို့ မှန်တယ် မှားတယ်ဆိုတာ မြင်နေရတယ်၊ လုပ်သင့်တာကိုလုပ်ပါ၊ စေတနာထားပြီ တကယ်လုပ်ရင် တကယ်အကျိုးရှိပါလိမ့်မယ်။
ကလျာ
ဟန်နီဦးဟာ သူ့ဘဝတလျောက်လုံးမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ သူတွေ့ကြုံခံစားခဲ့ရတာလေးတွေရော အန်ကယ် ပြောပြလို့ ရမလားရှင့်
ဦးထွန်းဦး
ကျနော်ကတော့ သိပ်ပြီး သူနဲ့လေ အတူတူ ကြာကြာမနေခဲ့ရပါဘူး။ သူတို့ဟာသူတို ဘဝအရနဲ့ကိုက ခံစားမှုတွေ ဖြစ်တာ ပါ၊ ကျနော့်ကြောင့်တော့ မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့လေ၊ သူတို့ ရင်ဆိုင်နေရတာတွေက တကယ်ကို ပင်ပန်းပါ တယ်။ ဖြတ်သန်းနေရတဲ ကျောင်းသားဘဝအစပေါ့ ကြမ်းတမ်းတယ်။ အဲဒါတွေကနေ သူတို့ ရုန်းထလာတာပဲ ခင်ဗျ၊
ကျနော်တို့ ပြောနေတာထက် သူတို့က ပိုပြည့်စုံတယ်ဗျ။ သူတို့ဟာသူတို့ စာတွေ ဖတ်တယ်ဗျ။ ပင်ပန်းတယ် ဆင်းရဲ  တယ်ဗျာ၊ နောက်ပြီးတော့လည်း ဘာရလဲ ဘာမှ မရဘူးဗျာ၊ ဒီကလေးတွေအတွက် အရမ်းနှမြောဘို့ကောင်းတယ်။ တိုင်းပြည်အတွက်ပါ နှမြောဖို့ ကောင်းတယ်။ ကျနော် ထောင်ကျတော့ သမီးက အခါလည်လောက်ပဲရှိသေးတယ်၊ ကျနော် ပုခုံးပေါ်တင်ချီတဲ့ အရွယ်ပဲ ရှိသေးတယ်။ အဲဒီတုန်းက ကျနော် တကျွန်းကျတယ်။
ကလျာ
အန်ကယ်နဲ့ ပြန်တွေတဲ့ အချိန်မှာ သူရဲ့ စိတ်ခံစားချက်တွေ ဘယ်လိုရှိနေလဲရှင့်
ဦးထွန်းဦး
ကျနော့်သမီးက ကျနော့်ကို သံယောဇဉ် အတော်ရှိတယ်၊ အတော်တွယ်တာတယ်ဗျ။ နောက်ဆုံးသမီးအခုလို မဖြစ်ခင် လေးမှာ ကျနော့် လက်ပေါ်မှာပဲ အိပ်တယ်။ အမြဲတန်း ကျနော့်အပေါ်မှာ တန်ဘိုးထားပါတယ်။ ကျနော်ကလည်းသိတယ် တန်ဘိုးထားတယ်ဆိုတာ၊
ကလျာ
သူက ဥပဒေ နောက်ဆုံးနှစ်ကျောင်းသူလို့ သိထားတယ်ပေါ့နော်၊ သူ့ရဲ့ ဘဝရည်မှန်းချက်က ဘာရှိလဲရှင့်
ဦးထွန်းဦး
သူကတော့ ရှင်းရှင်းပြောရရင် မဟုတ်အခံတဲ့စိတ်ရှိတယ်။ မှန်တဲ့ဟာကို ရပ်တည်တဲ့ စိတ်ရှိတယ်။ ကျနော် သိပြီးတဲ့ အချိန်ပေါ့နော်။ သူ့ကို မဟုတ်တာပြောရင် လုံးဝ သီးမခံဘူး။ ဒါ လူငယ်စိတ်လည်း ဖြစ်ချင် ဖြစ်မပေါ့ဗျာ၊ မမှန်တာကို လက်မခံဘူး၊ ပွင့်ပွင့်လင်းလင်းနေချင်တယ်၊ ရှင်းရှင်းလင်းလင်း သိချင်တယ်၊ အဲဒါကို တွေ့ရတယ်ဗျ။ ဥပဒေ ပညာကို သင်ကြားရင်းနဲ့ ဥပဒေရဲ့ အခွင့်အရေးတွေကို ရသင့်ရထိုက်ရဲ့နဲ့ မရဘူးလို့ ခံစားရတယ်။ အဲဒီအပေါ်မှာ စိတ်ဝင်စားတယ်။ အများစုကတော့ ဒီလိုပဲ ဖြစ်မှာပါ၊
ကလျာ
သူရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတဲ့အတွက် ထောင်ထဲမှာ ဆေးကုသခွင့် ရလားရှင့်
ဦးထွန်းဦး
ဆေးကုသခွင့်ပေးထားပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ပေးတယ်လို့ ထင်တာပဲဗျ၊ ကိုယ့်ဘက်ကလည်း တတ်နိုင်သလောက်လုပ်ပေးပါတယ်။ အခုဖြစ်တာက သူ့စိတ်ကို ထိခိုက်သွားတယ်။ အဲဒါက ကျန်းမာရေး အခြေအနေ ပြန်ဆိုးသွားနိုင် စရာလည်းဖြစ်နိုင်တယ်။
ကလျာ
အခု လားရှိုးထောင်မှာ တခြားနိုင်ငံရေးအကျဉ်းသူ ဘယ်သူတွေ ရှိသေးလဲရှင့်
ဦးထွန်းဦး
မရှိတော့ဘူး သူတယောက်တည်းရှိတော့တယ်။
ကလျာ
သူ့ကို ထောင်ပြောင်းတင်ဖို့တို့ဘာတို့ စဉ်းစားထားလားရှင့်
ဦးထွန်းဦး
အဲဒါကတော့ဗျာ ကျနော့်စိတ်နဲ့ပြောရင် ကျနော့်ရင်ခွင့်ထဲ ပြန်လာစေချင်တာပဲ၊ ထောင်ပြောင်းဖို့ ဘာဖို့ဆိုတာ သူတို့ဟာ သူတို့ စဉ်းစားပြီး လုပ်သင့်တဲ့အလုပ် လုပ်ပေးဖို့ပဲ၊ ကျနော်တို့က ဘာလို့ ပြောရမှာလဲ သူတို့ဟာ သူတို့ ထားတာလေ၊ ကလေးမှန်းသိရင် ကလေးတယောက်ကို ဘယ်လိုစောင့်ရှောက်ထားသင့်တယ်ဆိုတာ စဉ်းစားတတ်မှာပါ။ ကျနော်က တော့ ကျနော့်သမီးအနေနဲ့ ပြောရရင် ကျနော့်ဆီ ပြန်ရောက်စေချင်တာပါပဲ။
ကလျာ
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေအကျဉ်းသားတွေ အားလုံးပြန်လွှတ်သင့်တယ်ပေါ့နော်၊ အခုအစိုးရ သစ်ဘက်ကပြောတာက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးလိုက်ရင် မလိုလားအပ်တဲ့ မတည်ငြိမ်မှုတွေဖြစ်လာမယ်လို့ ပြောလာတယ် အဲဒါ အန်ကယ့်အနေနဲ့ ဘယ်လို့ မြင်ပါသလဲ ရှင့်
ဦးထွန်းဦး
အခုရှိနေတဲ့ လူတွေက ရိုးရိုးလေးပဲဗျ၊ ကိုယ့်ရင်ထဲ ခံစားရရင် ခံစားရသလို ပွင့်ပွင့်လင်းလင်းပြောတဲ့လူတွေ၊ နောက်ကျော ကနေ ပြဿနာရှာတတ်တဲ့ သူတွေမဟုတ်ဘူး။ နောက်တခုရှိတာက ဒီလူတွေ လွတ်လာလို့ ဆူပူတာတွေဖြစ်မယ် ဆိုတာက အထဲမှာရှိတဲ့ လူတွေကို စော်ကားလိုက်သလိုပဲ၊ တကယ်က ဒီလူတွေက အဲဒီလို လူမျိုးတွေမှ မဟုတ်ဘဲ၊ မိကောင်းဖခင်သားသမီးတွေဖြစ်တယ် တကယ်ကို ချစ်တတ်တဲ့လူတွေ ဖြစ်တယ်။ ဒီလိုလုပ်မယ့် လူမျိုးတွေ မဟုတ်ဘူး၊  မှားတဲ့လူတွေကို တည့်ပေးဖို့လုပ်ရင် အခုလို အမြင်တွေ လွဲနေကြတာလေ၊ အရင်းတုန်းကလည်း အရင်ဦးဆုံးလုပ်ရမယ့် သူက အာဏာပိုင်အဖွဲ့အစည်းကပဲ လုပ်ပေးရမှာ၊ သမိုင်းမှာ နှစ် ၈၀ ရှိခဲ့ဖူးတယ်ဗျာ၊ အဲဒီတုန်းက အခု ထက်တောင် ဆိုး သေးတာပဲ၊ အေအစ်တို့ဘာတို့ လုပ်နေတဲ့လူတွေ အကုန်လုံးကို ပေးလိုက်တာ၊ အရင်လုပ်ပေးလိုက်တာ အဲဒီတုန်းက သတိရှိရှိလုပ်တယ်၊ ညှိလည်းညှိနှိုင်းတယ်။ သံသယ ဆိုတာက လုပ်ကြည့်ပြီးပြောလို့ရတာ မလုပ်ပဲနဲ့ ပြောလို့မရဘူး၊
ကလျာ
နှစ် ၈၀ တုန်းက လွတ်ငြိမ်းချမ်းသာခွင့်အကြောင်းကို အန်ကယ်မှတ်မိသလောက် ပြောပြပါလား
ဦးထွန်းဦး
အဲဒီတုန်းက သတ်မှတ်ချက်တွေရှိတယ်။ ဘယ်ဟာတွေက ဘယ်သူတွေအတွက်၊ ခွဲပြောတယ်၊ က ၊ ခ နဲ့ဆိုတာ ခွဲပြောတယ်။ ၅/ည တို့ ၁၀/ခ ပါတယ်ဗျ၊ သူက အဲလို စနစ်တကျနဲ့ လုပ်တာ၊ စနစ်တကျနဲ့လည်းပြောတာ၊ အခုဟာက ဘယ်လိုတွေမှန်း မသိဘူး၊ ကျန်မာရေးမကောင်းတာ ဘယ်လိုမ ကောင်း တာမှန်းလဲ မသိ၊ ဟိုအရင်တုန်းက တိကျတယ်။ စကားလုံးတင်မဟုတ်ဘူးဗျ။ အခုက နေရာတိုင်းမှာ စကားလုံးတွေနဲ့ ပွနေတယ်။ လက်တွေ့က ဆယ်ပြားဖိုးးဆိုရင် စကားလုံးက တကျပ်ဖိုးဖြစ်နေတယ်။
ကလျာ
အန်ကယ်အနေနဲ့ ဘာများပြောချင်ပါသေးလဲရှင့်
ဦးထွန်းဦး
ကျနော်ပြောဖို့ကတော့ဗျာ ပွင့်ပွင့်လင်းလင်းနဲ့ တကယ်ကို ချစ်ကြတယ်ဆိုရင်ပေါ့နော် တကယ်ချစ်တဲ့အတိုင်း တကယ် လုပ်ကြပါ။ အားလုံးကလည်း ချစ်ကြတာပါပဲ။
မဟန်နီဦး ဟာ ဥပဒေနောက်ဆုံးနှစ် ကျောင်းသူတဦး ဖြစ်ပါတယ်။
နေ့သစ်သတင်းစာမျက်နှာမှကူးယူတင်ပြသည်။

No comments:

Post a Comment

အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...

Burmese Canadian Network Group.