www.BurmeseCanadianNetwork.com Email : : admin@BurmeseCanadianNetwork.com

ကနေဒါရောက် မြန်မာ တိုင်းရင်းသား လူမျိုးတိုင်း ၏ လစဉ် တွေ့ ဆုံ ဆွေး နွေး မိတ်ဖွဲ့ ရာ နေရာ....
Canada Nation wide monthly Skype & Tele Conference for Burmese

NLD by Elections Manifesto p1

NLD by Elections Manifesto p1

Burmese Canadian Protest in Toronto

Burmese Protest in Toronto

Peaceful Demonstration for Peace in Burma ( Rakhine )

Support for BBAO's Statement

Dear all Burmese people residing in Canada and friends of Burma, Burmese Canadian Network (B C N ) strongly support the following statement issued by the Burma Buddhist Association of Ontario BBAO; Sincerely, U Than Aung Coordinator and Co-founder Burmese Canadian Network (B C N) Canada Email:burmesecanadiannetwork@gmail.com BBAO Statement Aug 2012 - Copy

NLD by Elections Manifesto p2

NLD by Elections Manifesto p2

Thursday, October 13, 2011

ဒီကနေ့ မော်လမြိုင်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မဖြိုးဖြိုးအောင်နဲ့ ဆက်သွယ်မေးမြန်းချက်


၂၀၀၇ ခုနှစ် ဗကသ ပြန်ဖွဲ့ရာမှာ ခေါင်းဆောင် အဖွဲ့ဝင်တဦး ဖြစ်ခဲ့သူ၊ စစ်အုပ်စုရဲ့ ဥပက္ခာပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ် မုန်းတိုင်းဒဏ်ခံ ပြည်သူတွေကို အကူအညီပေးရေလှုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်ခဲ့ မဖြိုးဖြိုးအောင် (ခေါ်) မနှင်းပွင့်ဝေ ကို စစ်အုပ်စုက တရားမဝင် အသင်းအပင်းဖွဲ့စည်းမှုနဲ့ ထောင်ဒဏ် ၄ နှစ် အပစ်ပေးခံခဲ့ရပြီး၊ မော်လမြိုင်ထောင်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်က သူမဟာ နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ကျောင်းသူ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၉/၂၀၁၁ အရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မော်လမြိုင်ထောင်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ မဖြိုးဖြိုးအောင် ရဲ့ ထောင်တွင်းနေထိုင်ခဲ့ရတဲ့ အခြေအနေနဲ့ လက်ရှိခံစားချက်တွေ ကို နေ့သစ် ဝိုင်းတော်သားတဦးဖြစ်တဲ့ ကလျာက ဆက်သွယ်မေးမြန်းထားပါတယ်။
ကလျာ
ညီမရေ ပုံမှန်ဆိုရင်ပေါ့နော် ညီမလွတ်ဖို့ ဘယ်လောက်လိုသေးလဲ
ဖြိုးဖြိုးအောင်
လွတ်ဖို့က ၃ လ နဲ့ ၁၅ ရက်ပဲ လိုပါတော့တယ် အစ်မ
ကလျာ
ညီမနဲ့ အတူတူလွှတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်လောက်ပါလဲ
ဖြိုးဖြိုးအောင်
ကျမ အပါအဝင် ၆ ယောက် လွတ်ပါတယ်၊ တိုက်အကျဉ်းသား ကိုသက်ဦးရယ်၊ ဦးဇော်ဝင်း၊ မိုးထက်ယံ ရယ်၊ ကျမ ရယ်၊ အဆောင်အကျဉ်းသား ၁၇/၁ နဲ့က ဦးမောင်မောင် ရယ်၊ ဦးမြင့်ဆွေ ရယ်ပါ
ကလျာ
နောက်တခုက မော်လမြိုင်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်လောက် ကျန်ခဲ့သေးလဲ
ဖြိုးဖြိုးအောင်
အထဲမှာတော့ အမျိုးသားတိုက်ဘက်မှာ ၅ ယောက်ကျန်တယ်၊ အဆောင်ဘက်မှာ ၁၀ ယောက်လောက်ကျန်တယ်၊ လို့ ကြားတယ်။ အမျိုးသမီးဘက်မှာတော့ အဆောင်မှာ ၂ ယောက်ကျန်ပါသေးတယ်။
ကလျာ
သူတို့တွေ ပြန်လွှတ်ဖို့ အခြေအနေဘယ်လို့ ရှိလဲဟင်
ဖြိုးဖြိုးအောင်
အဲဒါကတော့ သိပ်ပြောလို့မရဘူးရှင့်၊ ဒါပေမယ့် ပြန်လွတ်ဖို့တော့ ကျမတို့မှာ တာဝန်ရှိသွားပြီး။ ကျမတို့မှာ အလုပ်တွေ လုပ်ဖို့ တာဝန်ရှိသွားပြီ။ သူတို့အတွက်ကတော့ ကျမတို့ အများကြီး လုပ်ပေးရမှာပေါ့နော်။
ကလျာ
အခု လွတ်လာတဲ့ အပေါ်မှာ ဘယ်လို ခံစားရသလဲ ညီမ
ဖြိုးဖြိုးအောင်
အကြာကြီးနေပြီးမှ ပြန်လွတ်လာတဲ့အတွက်တော့ ဝမ်းသာပါတယ်။ ကျမအတွက် ကတော့ သိပ်ပြီး ရင်မခုန်ဘူးပေါ့နော်။ လွတ်သင့်တဲ့လူတွေ မလွတ်သေးတာတော့ အများကြီးဝမ်းနည်းတယ်။ အကုန်လုံးလွတ် စေချင်တယ်။ စိတ်မကောင်း ဖြစ်မိတယ်။
ကလျာ
ညီမတို့ ထောင်ထဲမှာ ဘာတွေ လုပ်ခွင့်ရလဲ ဥပမာ စာဖတ်တာတို့ ဘာတို့ပေါ့နော်
ဖြိုးဖြိုးအောင်
ကျမ စာဖတ်ခွင့်ရပါတယ်။ တီဗွီတွေဘာတွေလည်း ပေးကြည့်ပါတယ်။ သတင်းစာလည်း ပေးဖတ်ပါတယ်။ ကျမ တို့ကတော့ အဆင်ပြေပါတယ်၊ ၁၇/၁ တွေ ဘာတွေကိုတော့ ကျမတို့လောက် အဆင်ပြေပြေ မဆက်ဆံခံရဘူး။
ကလျာ
ညီမရဲ့ ကျန်းမာရေးအခြေအနေဘယ်လိုနေလဲ
ဖြိုးဖြိုးအောင်
ကျန်းမာရေးကတော့ ကောင်းပါတယ်။
ကလျာ
ထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ ဘယ်လိုရှိလဲ
ဖြိုးဖြိုးအောင်
ဆရာဝန်ကတော့ ဂရုစိုက်ပါတယ်။ ဒါပေမယ့် ၁၇/၁ အမျိုးသမီးတယောက်မှာ သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါပေါ့နော် အခြေအနေက ဆေးရုံပို့ရမယ့် အနေအထားပေါ့နော့်၊ အဲဒါကို ခုထိ ထိထိရောက်ရောက် ကုသပေးတာ မတွေ့ရဘူး၊ မရုမစိုက်ဘူးပေါ့နော်။
ကလျာ
မိသားစုကပေးတဲ့ ဆေးတွေဘာတွေကို ယူထားခွင့်ရှိလား ညီမ
ဖြိုးဖြိုးအောင်
ထားခွင့်ရှိပါတယ်၊ ဒါပေမယ့် သိပ်များလွန်းရင်တော့ ပေးမထားဘူးပေါ့နော်၊ နည်းနည်းပါးပါးဆိုရင်တော့ ပေးထားပါတယ်။ ထောင်ကြီး၊ ထောင်သေးပေါ်မှာလည်း မူတည်ပါတယ်။
ကလျာ
အခန်းတွေဘာတွေရော အမြဲတမ်းဖွင့်ထားလား
ဖြိုးဖြိုးအောင်
ကျမ ကိုတော့ အခန်းတံခါး ဖွင့်ထားပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တယောက်တည်းလည်းဖြစ်တာကိုးနော်၊ ကျမ ကို ထားတဲ့တိုက်က ၅ည ထားတဲ့တိုက်မဟုတ်ဘူး၊ ပြစ်ဒါဏ်ကျတွေထားတဲ့ တိုက်မှာ ရောထားတာပါ။
ကလျာ
အခု လွတ်လာပြီဆိုတော့ အခု နိုင်ငံရေးအခြေအနေကို ဘယ်လိုထင်လဲ ညီမ ပြောင်လဲနေပြီလို့ ထင်လား၊ ဒါမှမဟုတ် ပြောင်လဲဖို့ လိုသေးတယ်လို့ ထင်လား
ဖြိုးဖြိုးအောင်
ဘယ်လိုထင်လဲဆိုတော့၊ လိုသေးတယ်လိုထင်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို အခု ရောက်ပြီလို ပြောလို့မရသေးဘူး အဲဒါကြောင် တက်ကတော့ မြှောက်လို့မရသေးဘူး၊ ကျမတို့ အလုပ်တွေ အများကြီး ဆက်လုပ်ရအုံမှာပါ။
ကလျာ
ထောင်ထဲမှာ အင်္ဂလိပ်စာတို့ဘာတို့ လေ့လာလို့ ရလား
ဖြိုးဖြိုးအောင်
လေ့လာခွင့်ရှိပါတယ်။ ကိုယ့်ဟာကို စာအုပ်တွေဘာတွေမှာပြီးတော့ ဖတ်ပါတယ်။ ပါလာတဲ့ စာအုပ်တွေလည်း ဖတ်ပါ တယ်။
ကလျာ
အခု အပြင်က အခြေအနေတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေ တွေ့တယ် အဲဒီအပေါ်မှာ တုန့်ပြန်ဝေ ဖန်တာတွေရှိတယ် အဲဒီအပေါ်ရော ဘယ်လိုမြင်လဲ ညီမ
ဖြိုးဖြိုးအောင်
ဒီလိုပေါ့နော်၊ ပန်းတိုင်တခုကိုရောက်ဖို့က နည်းလမ်းပေါင်းစုံနဲ့ သွားရမှာပေါ့နော်။ အဓိက ကျမတို့ လိုချင်တဲ့ ပန်းတိုင်းကို ရောက်ဖို့ပါပဲ။
နေ့သစ်စာမျက်နှာမှကူးယူတင်ပြသည်။

No comments:

Post a Comment

အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...

Burmese Canadian Network Group.